ရင်းနှီမြှုပ်နှံခြင်းဆိုင်ရာ
သမိုင်း
ReEx Capital Asia ၏ကုမ္ပဏီခွဲဖြစ်သော ICM ကုမ္ပဏီသည် အခြေခံ အဆောက်အအုံ စီမံကိန်းများ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အရင်းအနှီးနှင့် ဝန်ဆောင်မှုများဖြင့် အစပြုကာ မြန်မာနို်င်ငံအတွင်း စီးပွားဖြစ်ထွန်း နိုင်မည့် အဆောင်အအုံစီမံကိန်းများအတွက် ငွေကြေးရှာဖွေ ထောက်ပံပေးခြင်းများဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်လျှက်ရှိပါသည်။ မြန်မာပြည်သူ လူထုအတွက် လက်လှမ်းမီ အခြေခံအဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်နိုင်ရန် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ ငွေကြေးထောက်ပံ့သူများမှ ရင်းနှီးမြှပ်နှံများ ပေါ်ထွန်းစေရန် အခွင့်အလမ်းများကိုလည်း ဖန်တီးလုပ်ဆောင် ပေးလျှက်ရှိပါသည်။
စီမံခန့်ခွဲမှုအဖွဲ့
ရန်ကုန်နှင့် စင်္ကာပူတို့တွင်ရုံးများဖွင့်လှစ်ထားပြီး၊ နိုင်ငံတကာဘဏ္ဍာရေး၊ စီမံကိန်းဆိုင်ရာစီမံခန့်ခွဲမှု၊ လူထုနှင့် ထိတွေ့ဆက်ဆံခြင်းလုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စဉ်းမျဉ်းလိုက်နာမှု၊ ကျန်းမာရေးနှင့် ဘေးကင်းရေး၊ စီမံကိန်းအင်ဂျင်နီယာလုပ်ငန်းများအပြင် ငွေးကြေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ထောက်ပံ့ခြင်းဆိုင်ရာ နယ်ပယ်တွင်ကျွမ်းကျင်သော အဖွဲ့ဝင်များဖြင့် ကြီးမားသောဒေသတွင်းကွန်ယက်ဖြင့် ဆောင်ရွက်လျှက်ရှိသည်။

YANIS BOUDJOUHER, CFA
Managing & Board Director
Yanis သည် အာရှနှင့် ဥရောပတွင် စွမ်းအင်ကဏ္ဍတွင် အခြေခံအဆောက်အအုံ အကောင်အထည်ဖော်ရေးလုပ်ငန်းများ၊ စျေးကွယ်နယ်ပယ်သစ်များတွင် စီမံကိန်းငွေးကြေးထောက်ပံ့ခြင်းများ, ဘဏ္ဍာရေးဆိုင်ရာ အကြံပေးခြင်းနှင့် M&A လုပ်ငန်းနယ်ပယ်တွင် ဦးဆောင်အကောင်အထည်ဖော်လျှက်ရှိပြီး စီမံကိန်း ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများတွင် အတွေ့အကြုံ ၂၁ နှစ်ရှိပြီးဖြစ်သည်။ ပြင်သစ်အခြေစိုက် EDF တွင် M&A လုပ်ငန်းများအတွက် တွဲဖက်ဒါရိုက်တာအဖြစ် နောက်ဆုံး တာဝန်ထမ်းဆောင်ပြီးနောက် Yanis သည် သူ၏ ကိုယ်ပိုင်အကြံပေးကုမ္ပဏီတစ်ခုကို စင်ကာပူတွင် တည်ထောင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ReEx Capital Asia ကို ဦးဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာရေးထောက့်ပံ့မှုများဆောင်ရွက်နိုင်ရန် စီမံကိန်းဖွံ့ဖြိုး တိုးတက်မှုကုမ္ပဏီတစ်ခုကို ရန်ကုန်မြို့တွင် တည်ထောင်ခဲ့သည်။ Yanis သည် ကွန်ပျူတာသိပ္ပံတွင် Chartered အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး၊ CFA Charterholder တစ်ယောက်လည်း ဖြစ်သည်။ သူသည် IMD မှလည်း စီးပွားစွမ်းဆောင်ရှင်အစီအစဉ် (Entrepreneurship Programme) ကို လည်းတက်ရောက်ခဲ့သည်။

FRÉDÉRIC CRAMPÉ
Board Director
Frédéric သည် ထွန်းသစ်စစျေးကွက်များတွင် အင်ဂျင်နီယာ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ မဟာဗျူဟာ၊ စီမံကိန်းဘဏ္ဍာရေး၊ M&A၊ ပုဂ္ဂလိကရှယ်ယာနှင့် အထွေထွေစီမံခန့်ခွဲမှုဆိုင်ရာ နယ်ပယ်များတွင် အတွေ့အကြုံ ၁၈ နှစ် ရှိသည်။ ဖရက်ဒရစ်သည် ကာဗွန်နိမ့်နည်းပညာ (low carbon technologies ) နှင့် အရင်းအနှီးမြှင့်တင်ရေး လုပ်ငန်းများတွင် နှံစပ်ကျွမ်းကျင်သည့် Serial-entrepreneur တစ်ဦးဖြစ်ပါသည် ။ သူသည် ၂၀၀၆ ခုနှစ်တွင် ReEx Capital Asia နှင့် BeeBryte (လျှပ်စစ်ဓာတ်အားပေးမှုလျှော့ချရန် SaS) တို့ကို ပူးတွဲတည်ထောင်ခဲ့သည်။ ဖရက်ဒရစ်သည် Chartered Engineer ဖြစ်ပြီး INSEAD မှ MBA ဘွဲ့ရရှိခဲ့သည်။

MAY THU HLAING
Finance Manager
ICM သို့ ၂၀၁၈ ခုနှစ် နို၀င်ဘာလတွင် စတင်ဝင်ရောက်ခဲ့ပြီး၊ ICM ၏ စင်ကာပူနှင့် မြန်မာရုံးတို့၏ ဘဏ္ဏာရေးနှင့်စာရင်းကိုင်လုပ်ငန်းများကို စီမံခဲ့သည်။ ICM သို့မ၀င်မီ စင်ကာပူနှင့် နယူးယောက်ရှိ ရေကြောင်းကုမ္ပဏီများ၏ CPA ရုံးများ၌ စာရင်းကိုင်၊ အခွန် ဝန်ဆောင်မှုများနှင့် အထူးစာရင်းစစ်ဆေးခြင်း လုပ်ငန်းများကို တာဝန်ယူ လုပ်ဆောင်ခဲ့သည်။ အာဆီယံ CPA အရည်အချင်းနှင့်ပြည့်မီသော စာရင်းကိုင် ဖြစ်ပြီး Association of Chartered Certified Accountants (ACCA) နှင့် Institute of Singapore Chartered Accountants (ISCA) တို့၏ အသင်း၀င်တစ်ဦး ဖြစ်သည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးဘွဲ့နှင့် မြန်မာနိုင်ငံ စာရင်းကောင်စီမှ စာရင်းကိုင်ဒီပလိုမာ ရရှိထားသည်။

TIN MIN LATT
Lead Project Developer
ဦးတင်မင်းလတ်သည် မြန်မာနိုင်ငံရှိ စွမ်းအင်ကဏ္ဍတွင် ဘဏ္ဏာရေးနှင့် နည်းပညာကျွမ်းကျင်မှုများနှင့်အတူ ၈နှစ် ကျော်အတွေ့အကြုံရှိပြီး သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများ၊ လေအားနှင့် နေရောင်ခြည်စွမ်းအင် ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများကို အဓိက ဆောင်ရွက်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် Indian Institute of Science မှ မဟာဘွဲ့ နှင့် ၂၀၁၈ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ MBA ဘွဲ့ ရရှိခဲ့သည်။ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်ပစ္စည်းသုံး စွမ်းအင်ထုတ် ဓာတ်အားပေးစက်ရုံများ အပါအဝင် ၂၇၃ မဂ္ဂါဝပ်ရှိသော စီမံကိန်းများဆောင်ရွက်ရာ တွင်လည်း အတွေ့ကြုံရှိခဲ့သည်။ ၂၀၁၁ ခုနှစ် မှစတင်၍ လေစွမ်းအင်အရင်းအမြစ် အကဲဖြတ်ခြင်းနှင့် လေစွမ်းအင်စီမံကိန်းများ အကောင်အထည်ဖော် တည်ဆောက်ခြင်းလုပ်ငန်းများတွင် လုပ်ကိုင်လျှက်ရှိသည်။
မိတ်ဖက်များ
ReEx Capital Asia
ReEx Capital Asia (ReEx) သည် ICM ၏ မိခင်ကုမ္ပဏီ ဖြစ်ပြီး၊ သန့်ရှင်းသာ စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံခြင်းနှင့် အတိုင်ပင်ခံအဖြစ် အာရှပစိဖိတ်ဒေသများတွင် အထူးပြုထားပြီး၊ စင်္ကာပူတွင် ရုံးချုပ် တည်ရှိပါသည်။ ReEx သည့် စင်ကာပူနိုင်ငံ ငွေးကြေးဆိုင်ရာအာဏာပိုင် Monetary Authority of Singapore (MAS) လက်အောက်တွင် ဖွဲ့စည်းတည်ရှိပြီး၊ exempt corporate finance advisor (#200606139H) ဖြစ်ပါသည်။
၂၀၁၅ ခုနှစ်တွင် ReEx Capital Asia သည် ICM ကို InfraCo Asia နှင့် Private Infrastructure Development Group ကိုယ်စား မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံသည့် စီမံကိန်းများ အစပြုဆောင်ရွက်ခြင်း၊ ငွေးကြေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်သည့် စီမံကိန်း အကောင်အထည်ဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ICM သည် ReEx ၏ ကော်ပိုရိတ်နှင့် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်မှုများကို အသုံးချပြီး due diligence ပြုလုပ်ခြင်း၊ business model များရေးဆွဲခြင်းနှင့် အရင်းအနှီးငွေးကြေးမြှင့်တင်ခြင်းဆိုင်ရာများကို ဆောင်ရွက်လျှက်ရှိပါသည်။
မကြာသေးမီက ReEx သည် R&D စီမံကိန်း တစ်ခုကို လုပ်ဆောင်ခဲ့ပြီး BeeBryte ကို စတင်တည်ထောင်ခဲ့ပါသည်။ BeeBryte သည် solar-plus-battery စနစ်များ၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်ရန်နှင့် ဘီလ်ပေးချေမှုဆိုင်ရာ ကိစ္စများကို သက်သာလွယ်ကူစေမည့် Software-as-a-Service ကို အထောက်အပံ့ပေးနိုင်သည့် Cleantech startup တစ်ခုဖြစ်ပါသည်။
ပိုမိုကြည့်ရှုရန် – http://www.reexasia.com/
SolaRiseSys
ICM သည် SolaRiseSys (SRS) နှင့်တွဲဖက် လုပ်ကိုင်လျှက်ရှိသည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် ၂၀၁၀ ခုနှစ်တွင် နေရောင်ခြည်စွမ်းအင်ကုမ္ပဏီအဖြစ် တည်ထောင်ပြီးကတည်းက SRS သည်မြန်မာနိုင်ငံတွင် ဦးဆောင်လျှက်ရှိသော နေရောင်ခြည်စွမ်းအင်ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်။ SRS သည် ပြီးပြည့်စုံသော အဖြေ၊ စီမံကိန်းနေရာများ သွားရောက်လေ့လာခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ အရည်အသွေးမြင့် ထုတ်ကုန်များထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်း၊ အစရှိသည့် စီမံကိန်းများအတွက် ပြီးပြည့်စုံသော အဖြေကို ပံပိုးပေးလျှက်ရှိပါသည်။ SRS ၏ အသေးစားနှင့် အကြီးစားစီမံကိန်းများအတွက် ကုန်ထုတ်လုပ်မှု၊ အဆင့်မြင့်တပ်ဆင်ခြင်း၊ လျင်မြန်သောထောက်ပံ့ပို့ဆောင်ရေးနှင့် အချိန်နှင့်တပြေးညီပါ၀င်ခြင်းဆိုင်ရာ လုပ်ငန်းများကို နှစ်စဉ် တိုးမြှင့်ဆောင်ရွက်လျှက် ရှိပါသည်။
ပိုမိုကြည့်ရှုရန် – https://www.srsmyanmar.com/index.php/en/

Aller Aqua
InfraCo Asia / PIDG တို့၏ မြန်မာနိုင်ငံတွင်း စီမံကိန်းများထဲမှ ထွက်ပေါ်လာသည့် စီမံကိန်း၊ ICM သည် Aller Aqua တို့သည် မက်ထရစ်တန် ၆၀,၀၀၀ ထုတ်လုပ်နိုင်မည့် ငါးအစာစက်ရုံစီမံကိန်းတစ်ခုကို ပူးတွဲ အကောင်အထည်ဖော်လျှက်ရှိပါသည်။ ICM သည် Aller Aqua ကို ငွေးကြေးရင်းနှီးမှုဆိုင်ရာကိစ္စများ၊ လုပ်ငန်းဖွဲ့စည်းမှုဆိုင်ရာများ ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းအတွက်လိုအပ်သော ခွင့်ပြုချက်များ လျှောက်ထားဆောင်ရွက်ခြင်း နှင့် due diligence ကိစ္စရပ်များကို InfraCo ထွက်ခွာပြီး ဆက်လက်ဆောင်ရွက်စေနိုင်ရန် လုပ်ဆောင်ပေးလျှက်ရှိသည်။ ဤလက်တွဲမှုက Aller Aqua အား လုပ်ငန်းဆောင်ရွက်မှုများကို အပြိုင်အဆိုင်လုပ်ဆောင်နိုင်စေပြီး မြန်မာနိုင်ငံတွင် ၄င်းတို့၏ စီးပွားရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် ၎င်း၏အရင်းအမြစ်များကို ပိုမို အသုံးချလာနိုင်မည် ဖြစ်သည်။
ပိုမိုကြည့်ရှုရန် – https://www.aller-aqua.com/

Myanmar Private Equity & Venture Capital Association
၂၀၁၉ တွင် စတင် တည်ထောင်ခဲ့ပြီး MPEVCA သည် institutional investors ဖြစ်ပြီး၊ vibrant venture capital နှင့် private capital တိုးတက်လာစေရန် ရည်ရွယ်ပါသည်။ MPE နှင့် VCA သည် အကျိုးတူအရင်းအနှီးနှင့်ပုဂ္ဂလိကရှယ်ယာများ၏ အရေးပါမှုကို ၎င်းနှင့်၎င်း၏အဖွဲ့ဝင်များအကြား မျှဝေနိုင်သည့် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ရန်ရည်ရွယ်သည်။ ထို့နောက် ၎င်းသည် မြန်မာနိုင်ငံ၏ စိတ်လှုပ်ရှားဖွယ်ကောင်းသောစျေးကွက်ရှိ စက်မှုလုပ်ငန်းများ အားလုံးအတွက်အကျိုးရှိစေသည်။
ပိုမိုကြည့်ရှုရန် – https://www.mpevca.org/
Good Neighbors International
ICM သည် ၁၉၉၁ ခုနှစ်တွင် ကိုရီးယားသမ္မတနိုင်ငံတွင်တည်ထောင်ခဲ့သော နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အန်ဂျီအိုတစ်ခုဖြစ်သော ကမ္ဘာကြီးကို ငတ်မွတ်ခေါင်းပါးမှုမရှိသည့်နေရာတစ်ခု ဖြစ်စေရန် ရည်ရွယ်ထားရှိသည့် Good Neighbors အဖွဲ့အစည့်နှင့် မိတ်ဖက်အဖွဲ့တစ်ခုဖြစ်ပါသည်။ GN သည် ကုလသမဂ္ဂ စီးပွားရေးနှင့်လူမှုရေးကောင်စီ (UNECOSOC) မှ အထွေထွေအတိုင်ပင်ခံ အဆင့်အတန်းကိုရရှိခဲ့ပြီး လက်ရှိတွင် နိုင်ငံပေါင်း ၄၀ ရှိ အသိုင်းအဝိုင်း ၁၉၂ ခု တွင် အားလုံးပါ ၀င်သော ရပ်ရွာဖွံ့ဖြိုးရေးချဉ်းကပ်မှုနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတို့ကို လုပ်ဆောင်လျှက်ရှိသည်။ GN သည် မကြာသေးမီက ကမ္ဘာတစ်လွှားရှိနိုင်ငံပေါင်း ၂၅ နိုင်ငံရှိ လူမှုစီးပွားဘဝများမှတဆင့် လူမှုအသိုင်းအဝိုင်းများပြောင်းလဲခြင်း ဆိုင်ရာ လုပ်ငန်းများကို အားပေးကူညီဆောင်ရွက်လျှက်ရှိပါသည်။
ပိုမိုကြည့်ရှုရန် – http://www.goodneighbors.org/
Alliance for Rural Electrification
ICM သည် Alliance for Rural Electrification (ARE) အဖွဲ့ ဝင်ဖြစ်ပါသည်။ ARE အပြည်ပြည်ဆိုင်ရာ စီးပွားရေးအသင်းအဖွဲ့တစ်ခုဖြစ်ပြီး၊ တတ်နိုင်သော စွမ်းအင်၀န်ဆောင်မှုများ အစပြုခြင်း၊ ဒေသတွင်း အလုပ်အကိုင်များ ဖန်းတီးခြင်းနှင့် အားလုံးပါ၀င်သည့် စီးပွားရေးဖြစ်စေခြင်းတို့ဖြင့် ၂၁ ရာစုအတွက် ရေရှည်တည်တံ့ခိုင်မြဲ၍ ဗဟိုချုပ်ကိုင်မှုလျှော့ချ ထားသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် လုပ်ငန်းများကို မြှင့်တင်ရန် ကြိုးပမ်းလျှက်ရှိသည်။ ARE သည် မဟာဓာတ်အားလိုင်းပြင်ပ နည်းပညာများအတွက် အဖွဲ့ဝင် ၁၅၀ ကျော်ရှိ တန်ဖိုးကွင်းဆက်တစ်မှ တစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးအပ်ခြင်းဖြင့် စွမ်းအင်ရရှိမှုကို တိုးတက်စေသည်။
ပိုမိုကြည့်ရှုရန် – https://www.ruralelec.org/
လုပ်ငန်းနယ်ပယ်များ

ရေရှည်တည်တံ့သော စွမ်းအင်
- ပြန်ပြည့်မြဲစွမ်းအင်
- စွမ်းအင်ကို စနစ်တကျ အသုံးချတတ်ခြင်း
- စွန့်ပစ်ပစ္စည်းမှ စွမ်းအင်အဖြစ်သို့ ပြောင်းခြင်း

စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးဆိုင်ရာအထောက်အပံ့
- ငါးလုပ်ငန်း
- လယ်ယာစိုက်ပျိုးရေး
- အအေးခန်းသိုလှောင်ရုံ

ပို့ဆောင်ဆက်သွယ်ရေး
- ကားလမ်းဆောက်လုပ်ခြင်း
- မြို့ပြစီမံကိန်း
- ထောက်ပံ့ပို့ဆောင်ရေးကွန်ယက်

ကျေးလက်ဒေသဖွံ့ဖြိုးရေး
- လျှပ်စစ်ထုတ်လုပ်ရေး အဆောက်အအုံ
- ကျေးလက် လျှစ်စစ်မီးရရှိရေး
- ရေနှင့် ရေဆိုးစွန့်ပစ်စနစ်