မကွေး၊ ၂၀၁၇ ခုနှစ် ဧပြီလ (၄)ရက်

InfraCo Asia နှင့် မြန်မာနိုင်ငံအတွင်း ၎င်း၏ စီမံကိန်းများကို အကောင်အထည်ဖော်သည့်အဖွဲ့ဖြစ်သော  Infra Capital Myanmar တို့သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်း၍ မကွေးတိုင်း ဒေသကြီး အတွင်း လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ရန် နည်းပညာပိုင်းနှင့် စီးပွားရေးပိုင်း ဆိုင်ရာ ဖြစ်မြောက်နိုင်ချေရှိ/မရှိ လေ့လာ ဆန်းစစ်ချက်များ ဆောင်ရွက်မည်ဖြစ်ပါသည်။

နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်း

Private Infrastructure Development Group (PIDG) ၏ ကုမ္ပဏီတစ်ခုဖြစ်သော InfraCo Asia သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်း၍ မကွေးတိုင်းဒေသကြီးအတွင်း လေအား လျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် ဖြစ်မြောက် နိုင်ချေရှိ/မရှိလေ့လာနိုင်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါသည်။ InfraCo Asia မှ မြန်မာနိုင်ငံအတွင်း စီမံကိန်းဖော်ဆောင်ရန် တာဝန်ပေးထားသည့်အဖွဲ့ဖြစ်သော Infra Capital Myanmar အနေနှင့် မြန်မာနိုင်ငံအတွင်း  လေအားလျှပ်စစ်စီမံကိန်းများ ဖြစ်မြောက်နိုင်ကြောင်း သက်သေပြရန် ကြိုးစား လုပ်ဆောင်နေပါသည်။ ထို့ပြင် Infra Capital Myanmar သည် အစိုးရနှင့် ပုဂ္ဂလိက ပူးတွဲပိုင်ဆိုင်မှုပုံစံ (PPP) ဖြင့် အလတ်စား လေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရန်လည်း ဦးတည်ဆောင်ရွက်နေပါသည်။

PIDG ၏ ထောက်ပံ့မှုတစ်ရပ်ဖြစ်သော နည်းပညာပိုင်းကူညီထောက်ပံ့သည်ငွေကြေး (TAF) ဖြင့် ဆောင်ရွက်သည့် ကနဦး ဖြစ်မြောက်နိုင်ချေရှိ/မရှိ လေ့လာဆန်းစစ်ချက်မှ ရလဒ်ကောင်းများ ရရှိပြီးသည့်အချိန်တွင် InfraCo Asia သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကူညီထောက်ခံပေးမှုဖြင့် စီမံကိန်း အကောင် အထည်ဖော်ရေး နောက်တစ်ဆင့်ကို စတင်ရန်ဖြစ်ပါသည်။ web1

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကိုယ်စား သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊        လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ တိုင်းဒေသကြီးဝန်ကြီး နှင့် InfraCo Asia မှ CEO Mr Allard Nooy တို့သည် ၂၀၁၇ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့တွင် မကွေးမြို့၌ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါသည်။

“InfraCo Asia အနေဖြင့် ကျွန်တော်တို့ရဲ့ တတ်စွမ်းမှုတွေနှင့် မြန်မာပြည်အတွက် ပထမဦးဆုံးဖြစ်မည့် လေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရန်အတွက် ဆန္ဒရှိပါတယ်၊ ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ ပြည်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းများ ရေရှည်တည်တံ့အောင် အကောင်အထည်ဖော်နိုင်ရန်အတွက် စီမံကိန်း ကနဦးအကောင်အထည်ဖော်မှုအပိုင်းမှာ InfraCo Asia မှ ရင်းနှီးမြှုပ်နှံခြင်းနှင့် ကျွမ်းကျင်မှုတွေ ထောက်ပံ့ပေးဖို့ပဲ ဖြစ်ပါတယ်” ဟု Mr Nooy မှ ပြောကြားခဲ့ပါသည်။

လေ့လာဆန်းစစ်မှုမှ ရရှိလာသည့် ရလဒ်သည် မြန်မာပြည်၏ လေစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေ ရန် ခိုင်မာသည့် အုတ်မြစ်တည်ဆောက်သွားရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ICM ဒါရိုက်တာ Mr Yanis Boudjouher မှ ပြောကြားခဲ့ပါသည်။ web2

“မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပမာဏမြှင့်တင်ရန်အတွက် ပုဂ္ဂလိက အခန်းကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုကို လိုအပ်ပါတယ်။ ဒီကိစ္စသည် လည်း မြန်မာနိုင်ငံ အစိုးရရဲ့ ဦးစားပေးအချက်ထဲမှာ ပါသည့်အတွက်ကြောင့် InfraCo Asia ကိုယ်စား၊ ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာစေရေးအတွက် အစွမ်းကုန် ကြိုးစား ပံ့ပိုးပေးဖို့ တာဝန်ယူထားပါတယ်” ဟု Mr Boudjouher မှ        ထပ်မံဖြည့်စွက်ထားပါသည်။

 

စီမံကိန်း ရည်ရွယ်ချက်

ပြီးပြည့်စုံသော ဖြစ်မြောက်နိုင်ချေရှိ/မရှိ လေ့လာဆန်းစစ်ခြင်းမှ စီးပွားဖြစ်ထွန်းနိုင်မည့် လေစွမ်းအင်ဆိုင်ရာ အချက်အလက်များ ကောက်ခံရရှိခြင်းဖြင့် ပုဂ္ဂလိကအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်နိုင်ရေး လမ်းဖွင့်ပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ လုံလောက်သော အချက်အလက်များရရှိကာ မြန်မာနိုင်ငံအတွင်း လေအားလျှပ်စစ်စွမ်းအင် အနာဂတ်အတွက် ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်ဖြစ်ပါသည်။

InfraCo Asia သည် ဤစီမံကိန်းမှတစ်ဆင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြန်လည်ပြည့်ဖြိုးမြဲဆိုင်ရာ စီမံကိန်းများအပေါ် စွမ်းရည်မြှင့်တင်ခြင်းနှင့် အနာဂတ်တွင် တူညီသော စီမံကိန်းများ ဆောင်ရွက်ရာတွင် လိုအပ်မည့် နမူနာစာရွက်စာတမ်းများ ပြင်ဆင်နိုင်ရေးအတွက်လည်း ရည်ရွယ်ထားပါသည်။

ဤစီမံကိန်းမှတဆင့် ထောင်ပေါင်းများစွာသော ပြည်သူလူထုတို့သည် သန့်ရှင်းသောစွမ်းအင်ကို ရရှိမည်ဖြစ်ပြီး၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ကိုလည်း အထောက်အကူ ပြုပါသည်။

1 (9)

INFRACO ASIA အကြောင်း

၁။   InfraCo Asia Development Pte Ltd (InfraCo Asia) သည် Private Infrastructure Development Group (PIDG) ၏ စီးပွားရေးဖြစ်ထွန်းမှုအရ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ကိုင်တွယ် ဆောင်ရွက်နေသည့် ကုမ္ပဏီဖြစ်ပါသည်။

၂။   စင်္ကာပူတွင် အခြေစိုက်ပြီး၊ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ပုဂ္ဂလိက ကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ပေးရန် လုပ်ဆောင်နေပါသည်။ InfraCo Asia သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး၊ လူမှုဘဝဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် အထောက် အကူပြုသော လူမှုပတ်ဝန်းကျင်အတွက် တာဝန်ယူပြီး၊ စီးပွားဖြစ်ထွန်းသည့် အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံကာ၊ အကျိုးအပြစ် (risk) များသည့် အခြေခံအဆောက်အအုံ စီမံကိန်းများ အကောင်အထည်ဖော်ရန် ငွေကြေးထောက်ပံ့ ပေးထား ပါသည်။ InfraCo Asia သည် စီမံကိန်း အကောင်အထည်ဖော်မှု သင့်လျော်သည့်အချိန်၊ financial close နီးစပ်သည့်အချိန်နှင့် စီးပွားဖြစ်လုပ်ငန်းလည်ပတ်သည့်အချိန်များတွင် စီမံကိန်းတစ်ခုချင်း၏ အစိတ်အပိုင်း(သို့မဟုတ်) တစ်ခုလုံးမှ ထွက်ခွာ/ လွှဲအပ်သွားမည်ဖြစ်သည်။ ထိုသို့ IAD သည် ရှယ်ယာများကို ပုဂ္ဂလိက ကဏ္ဍသို့ ရောင်းချခြင်းဖြင့်၊ ပုဂ္ဂလိကကဏ္ဍမှ  ၎င်းတို့လုပ်ငန်း  ဆောင်ရွက်နေသည့် နိုင်င်ငံများရှိ စီမံကိန်းများတွင် ပါဝင် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာစေပါသည်။

၃။       InfraCo Asia သည် လက်ရှိတွင် PIDG ၏ အဖွဲ့ဝင်များဖြစ်သော the Australian Department of Foreign Affairs and Trade (DFAT)၊ the Swiss State Secretariat for Economic Affairs (SECO) နှင့် the UK Department for International Development (UKAid) တို့မှ ထောက်ပံ့ပေး ထားခြင်းဖြစ်ပါသည်။

PIDG အကြောင်း

၁။    The Private Infrastructure Development Group (PIDG) သည် အာဖရိကနိုင်ငံ၊ တောင်နှင့်အရှေ့တောင်အာရှနိုင်ငံများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး ကူညီရန် အခြေခံအဆောက်အအုံစီမံကိန်းများအတွက် ပုဂ္ဂလိကအခန်းကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာစေရန် ကူညီ ဆောင်ရွက်ပေးနေပါသည်။

၂။      ၂၀၀၂ မှ ၂၀၁၅ ခုနှစ်တွင် PIDG သည် အခြေခံအဆောက်အအုံစီမံကိန်းပေါင်း ၁၃၃ ခန့် စီးပွားဖြစ်လွှဲပြောင်းပေး နိုင်ခဲ့ပြီး၊ စီမံကိန်း ၅၆ ခုသည် ပုံမှန် လည်ပတ်နေပြီဖြစ်သည်။

၃။       PIDG သည် နိုင်ငံပေါင်းစုံ စုပေါင်းထားသည့်အဖွဲ့ဖြစ်ပြီး၊ နိုင်ငံပေါင်း (၇) နိုင်ငံ (UK, Switzerland, Australia, Norway, Sweden, Netherlands, Germany) နှင့် ကမ္ဘာ့ဘဏ်အဖွဲ့တို့မှ  ငွေကြေးထောက်ပံ့ပေးထားပါသည်။

All enquiries to:

Mr. Marcus Teo

Vice President

Infra Capital Myanmar – ReEx

Email: marcus.teo@infracapmyanmar.com

Phone: +65 68133890

Mobile: +65 9006 7964

Share This