SINGAPORE 2 JUNE 2015

InfraCo Asia Development Pte Ltd (InfraCo Asia)သည် (၅)နှစ်အတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေး တာဝန်ယူရန်အတွက် Infra Capital Myanmar Pte Ltd(Infra Capital Myanmar)နှင့် သဘောတူညီမှုစာချုပ်ကို ၂၀၁၅ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့တွင် ချုပ်ဆိုခဲ့ပါသည်။ Infra Capital Myanmar သည် ReEx Capital Asia Pte Ltd. နှင့် ADL Capital Develpments Pte Ltd. တို့ လုပ်ငန်းအကျိုးတူဖက်စပ်ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ InfraCo Asia ၏ ဥက္ကဌဖြစ်သူ Mr Kenneth Baxterမှ Infra Capital Myanmar နှင့် ပူးတွဲခြင်းဖြင့် ရေရှည်တည်တံ့မည့် အဆောက်အအုံများရရှိလာစေမည့် စီမံကိန်းများကို ဖွံ့ဖြိုးတိုးတက်စေကာ အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ၎င်းမှ မြန်မာပြည်အတွင်း စီးပွားရေးတိုးမြှင့်ခြင်း၊ တစ်ဦးချင်းနှင့် လူမှုအသိုင်းအဝိုင်းအတွက် အကျိုးအမြတ်ရရှိစေခြင်းနှင့် ဆင်းရဲမွဲတေမှု လျော့ချစေခြင်း စသည့် အကျိုးများ ရရှိရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါသည်။ InfraCo Asia ၏ အထူးလုပ်ငန်းစဉ်များကို ၂၀၁၀တွင် စတင်ခဲ့ပြီးဖြစ်ရာ၊ အကျိုးအပြစ်များနိုင်သည့် အဆောက်အအုံ အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များအတွက် ကနဦး ငွေကြေးထောက်ပံ့ရန် စီးပွားရေးလုပ်ထုံးလုပ်နည်းလမ်းစဉ်ကို ချမှတ်ပြီးဖြစ်သည်။ မြန်မာပြည်အတွက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေး သဘာတူညီချက်ပေးခြင်းသည် InfraCo Asia ၏ အများနှင့် အကောင်အထည်ဖော်ခြင်းနှင့် ပူးတွဲရင်းနှီးမြှုပ်နှံခြင်းလုပ်ငန်းစဉ်အတွက် အရေးပါသည့်အပိုင်းတစ်ခုဖြစ်သည်။

သဘောတူလက်မှတ်ရေးထိုးရာတွင် InfraCo Asia ၏ ဒါရိုက်တာ Mr. Peter Bird, CEO Mr. Allard နှင့် Mr. Shalabh Singhania တို့ပါဝင်ကာ၊ Infra Capital Myanmar ကို Mr. Yanis Boudjouher, Mr. Mr. Han Meng Chan, Mr. David Noon နှင့် Mr. Marcus Teo တို့က ကိုယ်စားပြုတက်ရောက်ခဲ့ပါသည်။ InfraCo Asia ၏ မြန်မာပြည်အတွက် လုပ်ငန်းစဉ်ဖြစ်သည့် အဆောက်အအုံ စီမံကိန်းအကောင်အထည်ဖော်မည့်သူ ရွေးချယ်ခြင်း လုပ်ငန်းစဉ်တွ်င် ပြင်းထန်သည့်ပြိုင်ဆိုင်မှုများနောက်မှ သဘောတူစာချုပ်ချုပ်ဆိုနိုင်ခြင်းဖြစ်ပါသည်။ ရွေးချယ်မှုလုပ်ငန်းစဉ်ကို ၂၀၁၄ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်နေ့တွင် စတင်ခဲ့ကာ၊ အကြိုအရည်အချင်းစစ်ခြင်း၊ တင်ဒါခေါ်ခြင်း၊ တွေ့ဆုံမေးမြန်ခြင်း၊ အကောင်းဆုံးနှင့် နောက်ဆုံးအဆင့် ရွေးချယ်ခြင်းစသည်များ ဆောင်ရွက်ခဲ့ပါသည်။ ရွေးချယ်ခြင်းအဖြေရလဒ်ကိုမူ ရွေးချယ်ခံရသည့်အဖွဲ့ထံသို့ ၂၀၁၅ ခုနှစ်၊ ဧပြီလ (၂၈)ရက်နေ့တွင် အသိပေးခဲ့ပါသည်။

InfraCo Asia Development Pte. Ltd. အကြောင်း

InfraCo Asia www.infracoasia.com သည် စကာင်္ပူတွင် အခြေစိုက်သည့် အဆောက်အအုံအကောင်အထည်ဖော် စီမံခန့်ခွဲရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေသည့် ကုမ္ပ္ပဏီတစ်ခုဖြစ်ပါသည်။ ကုမ္ပ္ပဏီ၏ရည်ရွယ်ချက်သည် ဘင်္ဂလားဒေ့စ်၊ ကမ်ဘောဒီယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မြန်မာ၊ နီပေါ၊ စကစ်တန်၊ သီရိလင်္ကာ၊ ဖိလိုပိုင်နှင့် ဗီယက်နမ်တို့တွင် အဆောက်အအုံ ဖွံ့ဖြိုးမှုအတွက် ပုဂ္ဂလိကဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု မြှင့်တက်လာစေရေးအတွက် ဦးဆောင်ရန်ဖြစ်သည်။ InfraCo Asia သည် စီမံကိန်းများတွင် ရှယ်ယာတန်ဖိုးပိုင်ဆိုင်ထားခြင်းဖြင့် အကျိုးအပြစ်များသည့် အဆောက်အုံအကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များအတွက် ကနဦးငွေကြေးထောက်ပံ့ပေးကာ၊ လူမှုအသိုင်းအဝိုင်းအအကျိုးအမြတ်နှင့် စီးပွားဖြစ်ထွန်းမည့် အဆောက်အအုံစီမံကိန်းများကို အထူးဆောင်ရွက်နေခြင်းဖြစ်ပါသည်။

ကုမ္ပဏီသည် စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေသည့် စီမံကိန်းများအတွက် ငွေကြေးပံ့ပိုးပေးပါသည်။ အကောင်အထည် ဖော်သည့်ကာလတစ်လျှောက်လုံးတွင်လည်း ရေရှည်တည်တံမည့် အဆောက်အအုံစီမံကိန်း အောင်မြင်စွာပြီးစီးမှုတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု မြှင့်တက်လာစေရန် ဦးဆောင်စီမံခန့်ခွဲမှုအပိုင်းကို ဦးစားပေးဆောင်ရွက်နေပါသည်။

InfraCo Asia ၏ ရည်ရွက်ချက်သည် စီးပွားဖြစ်ထွန်းပြီး ရေရှည်တည်တံ့မည့် အဆောက်အအုံစီမံကိန်းများ အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံအတွင်း စီးပွားရေးနှင့် လူနေမှု ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာစေရန်ဖြစ်ပါသည်။
InfraCo Asia သည် Private Infrastructure Development Group ၏ ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ Private Infrastructure Development Groupကို ၂၀၀၂ တွင် တည်ထောင်ထားပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေးနှင့် ဆင်းရဲမွဲတေမှု လျော့ချရန်အလို့ငှာ အဆောက်အအုံရရှိစေရန် ပုဂ္ဂလိကဆိုင်ရာ ရင်းနှီးမြှုပ်နှံများအတွက် ကူညီပံ့ပိုးပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
InfraCo Asiaကို လက်ရှိအချိန်တွင် PIDG၏ အဖွဲ့ဝင်(၃)ခုဖြစ်သော Australian Department of Foreign Affairs and Trade (DFAT)၊ Swiess State Secretariat for Economic Affairs (SECO)နှင့် UK Department for Intenational Development (DFID)တို့မှ ငွေကြေးထောက်ပံ့ပေးနေခြင်း ဖြစ်ပါသည်။

 

မေးမြန်းလိုသည်များရှိလျှင်၊

Mr Allard M. Nooy

Chief Executive Officer

InfraCo Asia Development Pte. Ltd.

T +65 6823 8054

E: info@infracoasia.com

Share This