စီမံကိန်းများ

လေအားလျှပ်စစ်

ကျေးလက်မီးလင်းရေး

ဆန်ပါးခွံ လောင်စာတောင့်

ငါးအစာတောင့်လုပ်ငန်း

မျိုးစပ်ဆန်မျိုးစေ့

မြန်မာ လေအားလျှပ်စစ်

မြန်မာနိုင်ငံရှိလူဦးရေ (၂.၄) သန်း အား သန့်ရှင်းသောစွမ်းအင်ထောက်ပံ့ရန်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (လေအားလျှပ်စစ်) အခြေခံအဆောက်အအုံဆိုင်ရာရင်းနှီးမြှုပ်နှံမှု ဖြစ်နိုင်စွမ်းများကို ပြသခြင်း။

အကြောင်းအရာ

လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် သိသိသာသာ တိုးတက်ထုတ်လုပ်ရန် လိုအပ်လျှက်ရှိသည်။ MOEE   အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင်ရရှိနိုင်သည့် ထုတ်လုပ်နိုင်စွမ်းနှင့် ဝန်အား အကြား ထုတ်လုပ်မှုစွမ်းရည်ကွာဟမှုသည် ၂၀၂၂ ခုနှစ်တွင် ၃၃၅ မဂ္ဂါဝပ်ခန့် ဆန်းစစ်မှုများအရ သိရှိရသည်။ အဆိုပါအခြေအနေကြောင့် စွမ်းအင်ဝယ်ယူရ န်ပိုမိုကျယ်ပြန့်သော ချဉ်းကပ်မှုများ ပြုလုပ်ရန် လိုအပ်သည်ကို တွေ့ရှိရသည်။

စီမံကိန်း

အဆိုပြုထားသော စီမံကိန်းသည် မြန်မာ့လေအားလျှပ်စစ်စီမံကိန်းများ ဖြစ်နိုင်ခြေကို ပြသရန်ရည်ရွယ်သည်။

  • စွမ်းအင် ၂၆၃ မဂ္ဂါဝပ်ရှိစွမ်းအင်စွမ်းအင်ပမာဏကိုတီထွင်အကောင်အထည်ဖော်ခြင်း၊
  • အသိအမှတ်ပြုထားသော နိုင်ငံတကာစံနှုန်းများ သို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စည်းမျဉ်းဥပဒေနှင့်အညီ အစိုးရ၏စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ နှင့်
  • တိုင်းပြည်အတွင်းရှိ ရရှိနိုင်သည့် လေအရင်းအမြစ်များကို ပိုမိုနက်ရှိုင်းသောနားလည်မှုရှိစေရန် ဒေသတွင်း အဓိကသက်ဆိုင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။

ဤလုပ်ငန်းများ၏ နောက်ဆုံးရည်မှန်းချက်မှာ မြန်မာအစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးမှုဖြင့်အဆင်သင့်  အကောင်အထည် ဖော်တည်ဆောက်ခြင်း” “shovel-ready” နှင့် internationally bankable ဖြစ်သော လေစွမ်းအင်စီမံကိန်းများတည်ဆောက်ရန်ဖြစ်သည်။

မြန်မာ့ကျေးလက်လျှပ်စစ် ၀ န်ဆောင်မှုလုပ်ငန်းများ

ဖုန်းတာဝါတိုင်ကဲ့သို့သော Anchor မီးယူသူများနှင့် မြန်မာနိုင်ငံ ပင်မဓာတ်အားလိုင်းမရောက်သေးသည့်နေရာများသို့ လျှပ်စစ်ဓာတ်အားထောက်ပံ့ဖြန့်ဖြူးခြင်း

အကြောင်းအရာ

မြန်မာနိုင်ငံ၏ မြန်ဆန်တိုးတက်လာသော မိုဘိုင်းလ်ကွန်ယက်အသုံးလိုမှု နှင့် တိုးတက်လာသော စီးပွားရေးအရ ၎င်းသည် လိုအပ်ချက်ဖြစ်သည်။ ယနေ့အချိန်အထိ မြန်မာနိုင်ငံ၏ ဝေးလံခေါင်သီသောဒေသများရှိ မိုဘိုင်းလ်ကွန်ယက်အော်ပရေတာများ (MNO များ) သည် ၎င်းတို့၏ တာဝါတိုင်ဆိုဒ်များကို လျှပ်စစ်ဓာတ်အားပေးရန်အတွက် ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်စေသော ဒီဇယ်စွမ်းအင်အား မှီခိုနေရသည်။

ပိုမိုထိရောက် သန့်ရှင်းသော မျိုးစပ်စွမ်းအင်ထုတ်လုပ်မှုသည် ၂၄/၇ပတ်လုံး လည်ပတ်နိုင်စွမ်းမရှိပဲ ဆူညံသံ များကိုဖြစ်စေသောမီးစက်များကို ဖယ်ရှားရန်အလားအလာဖြစ်ပြီး  ဒီဇယ်လီတာ ၄၄၀,၀၀၀၊ တစ်နှစ်လျှင် CO2 ၈၈၉ တန် အား လျော့ကျစေနိုင်မည် ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ အဓိကဒေသအများစုသည်လျှပ်စစ်မီးမရရှိသေးဘဲ တိုင်းပြည်၏သီးခြားဒေသများအဖြစ် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုအား နှောင့်နှေးစေသည်။

စီမံကိန်း

ICM သည် InfraCo Asia ကိုယ်စား စွမ်းအင်ဝန်ဆောင်မှုကုမ္ပဏီ (ESCO) ၏ စီးပွားရေးလုပ်ဆောင်မှုပုံစံဖြင့် မြန်မာနိုင်ငံ၏ ပင်မဓာတ်အားလိုင်းမရောက်သေးသောဒေသများ နှင့် ဆက်သွယ်ရေးတာဝါတိုင်များကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရန် ရည်ရွယ်သည်။ ၎င်းသည် လက်ရှိစွမ်းအင်ထောက်ပံ့ခြင်းစနစ်အား အဆင့်မြှင့်ထားသောပုံစံဖြင့် ပြည်လည်ပြည်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်နိုင်ခြင်း စနစ်ဖြင့် စရိတ်ပိုမိုသက်သာစေပြီး စွမ်းအင်ပိုမိုထိရောက်စေရန်ဖြစ်သည်။ ဤစီမံကိန်းသည် ဆိုလာဒီဇယ်ဖက်စပ်စနစ်ဖြစ်ပြီး ဒီဇယ်မီးစက်၊ ဘက်ထရီ နှင့် ဆိုလာ ပီဗီများ ပါဝင်မည် ဖြစ်သည်။ ထို့အပြင် လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံများဖြစ်ကြသည့် ဒေသန္တရ ဆေးခန်းများ၊ စာကြည့်တိုက်များ၊ ဘက်တ္ထရီအားသွင်းနိုင်သော နေရာကဲ့သို့သော အများပြည်သူသုံးနေရာများပြုလုပ်နိုင်သည့် ကျေးရွာဗဟိုပြု စင်တာများလည်း ထားရှိမည်ဖြစ်သည်။ စီမံကိန်းသည် လက်ရှိ ပင်မဓာတ်အားလိုင်း မရောက်သေးသော ဒေသများရှိ ကျေးလက်ပြည်သူများအား လူမှု စီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းအားလုပ်ဆောင်မည်ဖြစ်သည်။

ဧရာဝတီစပါးခွံလောင်စာတောင့်

ဧရာဝတီတိုင်းဒေသကြီးတွင် ကနဉီးစက်ရုံ တည်ဆောက်ခြင်းအပါအဝင် စက်ရုံ ခြောက်ရုံ တည်ဆောက်မည့် ရင်းနှီးမြှပ်နှံမှုအခွင့်အလမ်းဖြစ်ပြီး တစ်ရက်လျှင် တန်ချိန် ၁၂၀ခန့် သို့မဟုတ် ထိုထက်မကသော ထုတ်လုပ်မှုပမာဏကို ကိုယ်စားပြုသည့် စီမံကိန်းအကောင်အထည်ဖော်ခြင်း

အကြောင်းအရာ

ထုပ်လုပ်မှုပမာဏအသစ်ဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံးသော စပါးခွံလောင်စာတောင့်ထုပ်လုပ်မည့် စီမံကိန်း ဖြစ်သည်။ ဤစီမံကိန်းသည် ရန်ကုန်နှင့် ဧရာဝတီတွင်အသုံးပြုလျှက်ရှိသော မီးသွေးကဲ့သို့ အစိုင်အခဲလောင်စာများအား အစားထိုးရန် ရည်ရွယ်သည်။ စိုက်ပျိုးရေးမှ စွန့်ပစ်သောစပါးခွံများကို လောင်စာတောင့်အဖြစ် ထိရောက်စွာပြန်လည်အသုံးပြုခြင်းသည်သစ်ခုတ်လှဲခြင်း နှင့် သစ်တောပြုန်းတီးမှု လျှော့ချပေးသည့်အပြင် ပိုမိုကောင်းမွန်ပြီး ဈေးသက်သာသောမီးသွေးအား အစားထိုးသုံးခြင်းဖြင့် အသုံးလျော့ချ၍ ငွေပိုမိုစုနိုင်မည်ဖြစ်သည်။ ယခုအချိန်အခါတွင် စပါးခွံများသည် တရားမဝင်စွန့်ပစ်ခြင်းများ မီးရှို့ဖျက်စီးခြင်းများ စုပုံခြင်းများ ပြုလုပ်နေကြပါသည်။ လောင်စာတောင့်သည် စီးပွားရေးအရ အခွင့်အလမ်းနည်းပါးပြီး လျှပ်စစ်မီး သို့မဟုတ် လောင်စာဂတ်စ် အားချက်ပြုတ်ရန်မတတ်နိုင်သော အိမ်ထောင်စုများအတွက် ရည်ရှည်မည်သော အခြားလောင်စာများနှင့်ယှဉ်နိုင်သော ဒေသသုံးနှင့်ကိုက်ညီသည့် စွမ်းအင်အရင်းအမြစ်ဖြစ်သည်။

စီမံကိန်း

ICM သည် InfraCo Asia ကိုယ်စား ကိုရီးယားသမ္မတနိုင်ငံရှိ အစိုးရအဖွဲ့အစည်းမဟုတ်သော ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Good Neighbours International (GNI) နှင့် တွဲဖက်လျှက်  ဤစီမံကိန်းအား ဖော်ဆောင်မည်ဖြစ်သည်။ စီမံကိန်းသည် အရည်အသွေးမကောင်းသော စွမ်းအင်ကုန်ပစ္စည်းများ အသုံးပြုနေရချိန်တွင် ငွေကြေးအရ တတ်နိုင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ မီးသွေးသုံးစွဲမှုလျှော့ချရေးအတွက် အဖြေတစ်ခုဖြစ်သည်။  စွန့်ပစ်စပါးခွံများကို အသုံးပြုပြီး ပြုလုပ်မည့်မီးသွေးအစားထိုး လောင်စာဖြစ်သည်။ ၎င်းသည် နောက်ထပ် စက်ရုံများထပ်မံတိုးချဲ့နိုင်မည့် ရင်းနှီးမြှပ်နှံမှုအခွင့်အလမ်းဖြစ်ပြီး ၂၀၂၅ ခုနှစ် ရန်ကုန်မီးသွေးဈေးကွက် လိုအပ်ချက်၏ ၁၀%ကိုဖြည့်စွမ်းပေးရန် ရည်ရွယ်သည်။ တစ်နေ့လျှင် ပျမ်းမျှ ၁၇ တန်ထုတ်လုပ်နိုင်သည့် ကနဉီးစက်ရုံသည် ရန်ကုန်မြို့ မီးသွေးလိုအပ်ချက်၏ ၁.၅%ထက်လျော့နည်းသေး သည်ဟူသော ယူဆချက်အား စမ်းသပ်လုပ်ဆောင်မှာပင် ဖြစ်သည်။ နည်းပညာနှင့် စီးပွားရေးအရဖြစ်နိုင်ခြေကို သက်သေပြပြီးပါက စီမံကိန်းသည် မတူညီသော စက်ရုံအရွယ်အစားဖြင့် ဖြစ်စေ၊ မတူညီသော လောင်စာကုန်ကြမ်းဖြင့်ဖြစ်စေအခြားနေရာ ၅ခုအထိဆက်လက် အကောင်အထည် ဖော်ဆောင် ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ၉၅ရာခိုင်နှုန်းသော အိမ်ထောင်စုများသည် အစိုင်အခဲလောင်စာများကို အသုံးပြုလျှက်ရှိသည့် အတွက် စီမံကိန်းသည်နောက်ထပ်တိုးချဲ့မှုများပြုလုပ်ရန် များစွာအလားအလာရှိသည်။

အကြောင်းအရာ

ထုပ်လုပ်မှုပမာဏအသစ်ဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံးသော စပါးခွံလောင်စာတောင့်ထုပ်လုပ်မည့် စီမံကိန်း ဖြစ်သည်။ ဤစီမံကိန်းသည် ရန်ကုန်နှင့် ဧရာဝတီတွင်အသုံးပြုလျှက်ရှိသော မီးသွေးကဲ့သို့ အစိုင်အခဲလောင်စာများအား အစားထိုးရန် ရည်ရွယ်သည်။ စိုက်ပျိုးရေးမှ စွန့်ပစ်သောစပါးခွံများကို လောင်စာတောင့်အဖြစ် ထိရောက်စွာပြန်လည်အသုံးပြုခြင်းသည်သစ်ခုတ်လှဲခြင်း နှင့် သစ်တောပြုန်းတီးမှု လျှော့ချပေးသည့်အပြင် ပိုမိုကောင်းမွန်ပြီး ဈေးသက်သာသောမီးသွေးအား အစားထိုးသုံးခြင်းဖြင့် အသုံးလျော့ချ၍ ငွေပိုမိုစုနိုင်မည်ဖြစ်သည်။ ယခုအချိန်အခါတွင် စပါးခွံများသည် တရားမဝင်စွန့်ပစ်ခြင်းများ မီးရှို့ဖျက်စီးခြင်းများ စုပုံခြင်းများ ပြုလုပ်နေကြပါသည်။ လောင်စာတောင့်သည် စီးပွားရေးအရ အခွင့်အလမ်းနည်းပါးပြီး လျှပ်စစ်မီး သို့မဟုတ် လောင်စာဂတ်စ် အားချက်ပြုတ်ရန်မတတ်နိုင်သော အိမ်ထောင်စုများအတွက် ရည်ရှည်မည်သော အခြားလောင်စာများနှင့်ယှဉ်နိုင်သော ဒေသသုံးနှင့်ကိုက်ညီသည့် စွမ်းအင်အရင်းအမြစ်ဖြစ်သည်။

စီမံကိန်း

ICM သည် InfraCo Asia ကိုယ်စား ကိုရီးယားသမ္မတနိုင်ငံရှိ အစိုးရအဖွဲ့အစည်းမဟုတ်သော ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Good Neighbours International (GNI) နှင့် တွဲဖက်လျှက်  ဤစီမံကိန်းအား ဖော်ဆောင်မည်ဖြစ်သည်။ စီမံကိန်းသည် အရည်အသွေးမကောင်းသော စွမ်းအင်ကုန်ပစ္စည်းများ အသုံးပြုနေရချိန်တွင် ငွေကြေးအရ တတ်နိုင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ မီးသွေးသုံးစွဲမှုလျှော့ချရေးအတွက် အဖြေတစ်ခုဖြစ်သည်။  စွန့်ပစ်စပါးခွံများကို အသုံးပြုပြီး ပြုလုပ်မည့်မီးသွေးအစားထိုး လောင်စာဖြစ်သည်။ ၎င်းသည် နောက်ထပ် စက်ရုံများထပ်မံတိုးချဲ့နိုင်မည့် ရင်းနှီးမြှပ်နှံမှုအခွင့်အလမ်းဖြစ်ပြီး ၂၀၂၅ ခုနှစ် ရန်ကုန်မီးသွေးဈေးကွက် လိုအပ်ချက်၏ ၁၀% ကိုဖြည့်စွမ်းပေးရန် ရည်ရွယ်သည်။ တစ်နေ့လျှင် ပျမ်းမျှ ၁၇ တန်ထုတ်လုပ်နိုင်သည့် ကနဉီးစက်ရုံသည် ရန်ကုန်မြို့ မီးသွေးလိုအပ်ချက်၏ ၁.၅% ထက်လျော့နည်းသေး သည်ဟူသော ယူဆချက်အား စမ်းသပ်လုပ်ဆောင်မှာပင် ဖြစ်သည်။ နည်းပညာနှင့် စီးပွားရေးအရဖြစ်နိုင်ခြေကို သက်သေပြပြီးပါက စီမံကိန်းသည် မတူညီသော စက်ရုံအရွယ်အစားဖြင့် ဖြစ်စေ၊ မတူညီသော လောင်စာကုန်ကြမ်းဖြင့်ဖြစ်စေအခြားနေရာ ၅ခုအထိဆက်လက် အကောင်အထည် ဖော်ဆောင် ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ၉၅ရာခိုင်နှုန်းသော အိမ်ထောင်စုများသည် အစိုင်အခဲလောင်စာများကို အသုံးပြုလျှက်ရှိသည့် အတွက် စီမံကိန်းသည်နောက်ထပ်တိုးချဲ့မှုများပြုလုပ်ရန် များစွာအလားအလာရှိသည်။

ငါးအစာတောင့်လုပ်ငန်း

မြန်မာနိုင်ငံ၏ ကြီးထွားလာသော ငါးမွေးမြူရေးလုပ်ငန်းတွင် အရည်အသွေးမြင့်မားသော

ငါးအစာတောင့် မိတ်ဆက်ပေးခြင်း

Divested နှင့် အတိုင်ပင်ခံစာချုပ် ချုပ်ဆိုဆောင်ရွက်ခြင်း

အကြောင်းအရာ

နှစ်စဉ်လူတစ်ဦးချင်းစီ၏ အသားစားသုံးမှုသည် ၂၀ ကီလိုဂရမ်မှ ၄၀ ကီလိုဂရမ်သုံးစွဲမှုနှုန်းအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လူတစ်ဦးချင်းအလိုက် အဏ္ဏဝါတိရစ္ဆာန် စားသုံးမှု အမြင့်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ငါးသည် မြန်မာနိုင်ငံရှိ တိရိစ္ဆာန်ပရိုတိန်း၏ အဓိကအရင်းအမြစ် ဖြစ်သည်။ () လက်ရှိမြန်မာနိုင်ငံ၌ထုတ်လုပ်သည့်ငါး၏ ၂၀% မျှသည် သာလျှင် ပြည်တွင်းငါးမွေးမြူရေးမှဖြစ်သည်။ () တန်ဖိုးလျော့နည်းနေသော MMK သည် သွင်းကုန်များကို ပိုမိုစျေးကြီးစေပြီး () ဖမ်းယူရရှိသော ငါးများ လက်ရှိ ငါးဖမ်းဆီးနိုင်မှုစွမ်းရည်ကို ထိန်းသိမ်းနိုင်ခြင်း မရှိသော ပြည်တွင်းငါးမွေးမြူရေးလုပ်ငန်း ဆွဲဆောင်မှု ကြီးထွားမှုအလားအလာနှင့် ရင်ဆိုင်နေရသည်။ မြန်မာနိုင်ငံ၏ ငါးမွေးမြူရေးလုပ်ငန်းတွင် အဓိကအဟန့်အတားတစ်ခုမှာ အရည်အသွေးမြင့်မားမှု၊ စိုက်ပျိုးရေးအသိပညာမရှိခြင်း၊ အထူးသဖြင့် မြန်မာနိုင်ငံစျေးကွက်ကို လွှမ်းမိုးသော ငါးမွေးမြူသူများသည် အထွက်နှုန်းနိမ့်ကျခြင်းနှင့် အရည်အသွေးနိမ့်ကျသော ထုတ်လုပ်မှုကို ဖြစ်ပေါ်စေသော တန်ဖိုးကွင်းဆက်များကြောင့် ဆင်းရဲနွမ်းပါးမှုသံသရာတွင်ပိတ်မိနေသည်။

စီမံကိန်း

ဤစီမံချက်သည် စွန့်ပစ်ပစ္စည်းများကို တန်ဖိုးကြီးသောငါးအစာထဲသို့ ပြန်လည်ထုတ်ယူမည့် ဖြစ်ပြီး ငါးမွေးမြူရေးလုပ်ငန်း တစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်သည်။ ဤစက်ရုံသည် ငါးမွေးမြူရေးလုပ်ငန်း၏ ရှုထောင့်အမျိုးမျိုးကို တိုးတက်စေရန်ရည်ရွယ်သည်။

  • ငါးကြီးထွားမှုနှင့် ငါးအစာကျဆင်းမှု ကုန်ကျစရိတ်ကို လျှော့ချရန် အချိန်ကို လျှော့ချခြင်းဖြင့် ငါးမွေးမြူသူများ၏ ၀င်ငွေ၊ အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများကို တိုးတက်စေပြီး ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်သည်။
  • ကျွမ်းကျင်လုပ်သားနှင့် ဗဟုသုတတွေကို ဒေသခံ လုပ်သားအင်အားစုများဆီ လွှဲပြောင်းပေးခြင်း။ ငါးတောင်သူ ၅၄၀ ခန့်သည် အသက်မွေး ၀မ်းကျောင်း ၀င်ငွေ တိုးလာခြင်းမှ အကျိုးခံစားရမည်ဟု မျှော်လင့်ရသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် IAD သည် စီမံကိန်းကို နိုင်ငံပေါင်း ၆၀ ရှိ ငါးမျိုးစိတ် ၃၀ သို့ ငါးစာ ထုတ်လုပ် ဖြန့်ဖြူးသည့် ဒိန်းမတ်အခြေစိုက် Aller Aqua Group (AAG) သို့ ရောင်းချခဲ့သည်။ ICM ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများသည် ၂၀၁၆ ခုနှစ်တွင် ဒေသခံ စိုက်ပျိုးရေးထွက်ကုန် ပစ္စည်းများကို ငါးအစာအဖြစ် ပြောင်းလဲရန် ရည်ရွယ်ချက်ဖြင့် စတင်ခဲ့သည်။ ကနဦး နှစ်စဉ်စွမ်းရည်မှာ ၂၄၀၀၀ တန်ဖြစ်သည်။ Aller Aqua သည် နှစ်ပေါင်းများစွာ မြန်မာနိုင်ငံဈေးကွက်ကို စောင့်ကြည့် လေ့လာခဲ့သည်။ စီမံကိန်းမှ Aller Aqua အား ၎င်း၏ဖောက်သည် အခြေပြုဖွံ့ဖြိုးတိုးတက်မှုအပေါ် အာရုံစူးစိုက်ရန် အခွင့်အလမ်းပေးခဲ့သည်။ လတ်တလောတွင် Aller Aqua သည် နှစ်စဉ်ထုတ်လုပ်နိုင်မှု တန်ချိန် ၆၀,၀၀၀ တန်သော ခေတ်မီစက်ရုံတစ်ရုံကို တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက် နေသည်။ ICM သည် Aller Aqua အား အရင်းအနှီးများတိုးမြှင့်ခြင်းနှင့် အစိုးရခွင့် ပြုချက်များ ရယူရေးတို့တွင် ဆက်လက် ကူညီဆောင်ရွက်ပေးလျှက်ရှိသည်။

မြန်မာ့မျိုးစပ်ဆန်မျိုးစေ့

တောင်သူလယ်သမားများအတွက်အမြတ်အစွန်းတိုးမြှင့်စေရန်စက်မှုလုပ်ငန်း ဦးဆောင်သည့် နည်းပညာနှင့် အကောင်းဆုံး စီးပွားရေး လုပ်ထုံးလုပ်နည်းများကို ပေါင်းစပ်ခြင်း

Divested

အကြောင်းအရာ

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍနှင့် ဆန်စက်မှုလုပ်ငန်းများ တိုးတက်အောင်မြင်မှုအတွက် ကြီးမားသော အလား အလာများရှိသည်။ အခြေခံအဆောက်အအုံများအားနည်းခြင်း၊ နည်းပညာဖွံ့ဖြိုးမှု နိမ့်ကျခြင်းနှင့် စက်ယန္တရား အသုံးပြုခြင်း၊ ချေးငွေရရှိနိုင်မှုမရှိခြင်းနှင့် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စိုက်ပျိုးရေးလုပ်ထုံး လုပ်နည်းများ ညံ့ဖျင်းခြင်းကြောင့် သီးနှံ ထုတ်လုပ်မှုတွင် အသုံးမပြုရသေးသော အလားအလာကို ထိန်းချုပ်စေသည်။ နိုင်ငံ၏ ဆန်အထွက်နှုန်းမှာတစ်ကမ္ဘာလုံးပျမ်းမျှ ၃.၉၂ မက်ထရစ်တန်အောက်တွင် ရှိပြီး ၎င်း၏  ကြိတ်ခွဲမှုအချိုး သည်  ၆၀ ရာခိုင်နှုန်းဝန်းကျင်ရှိကာအာရှတိုက်တွင်အနိမ့်ဆုံးဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတ္တမ မြောက် အကြီးဆုံး ဆန်ထုတ်လုပ်သူဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ဆန်အများဆုံးတင်ပို့သူတစ်ဦး ဖြစ်လာ နိုင်သည်။

စီမံကိန်း

ဤစီမံကိန်းသည် Hybrid seed center နှင့် အသေးစား စိုက်ပျိုးရေးသမားများအတွက် ဒေသတွင်း စိုက်ပျိုးရေး  ကွင်းဆက်ကို နယ်ပယ်ပေါင်းစုံမှ ဖွံ့ဖြိုးတက်ရေးတွင် အထောက်အပံ့ပေနိုင်ရန် အောက်ပါတို့တွင် အကူအညီးပေးအပ်နိုင်ရန် ရည်ရွယ်ပါသည်။

  • အရည်အသွေးမြင့်မားသော မျိုးစေ့များဖြင့် လယ်သမား၏ အထွက်နှုန်းတိုးတက်ခြင်း
  • လယ်သမားများအနေဖြင့် မျိုးစေ့များ၊ သွင်းအားစုများနှင့် ဗဟုသုတများရရှိနိုင်မှုကို တိုးတက်စေခြင်းနှင့် တိုးချဲ့ခြင်း။
  • ဆန်တန်ဖိုးကွင်းဆက် တစ်လျှောက် စွမ်းရည်ညံ့ဖျင်းမှုကို လျှော့ချခြင်း

၂၀၁၈ ခုနှစ် နို၀င်ဘာလတွင် IAD သည် ဤစီမံကိန်းမှ ထွက်ခွာခဲ့သည် IAD ကိုယ်စား ICM မှ ဖွံ့ဖြိုးဆဲ စီမံကိန်းများ၏ အစုရှယ်ယာအတွင်း ပထမဆုံး ရောင်းချခဲ့သည့် စီမံကိန်း ဖြစ်သည်။ ICM သည် စီမံကိန်း မိတ်ဖက်များနှင့် အတူ ၂၀၁၇ အစောပိုင်းမှ စ၍ အလုပ် လုပ်ခဲ့ပြီး ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှု တိုးတက်စေရန် ဆောင်ရွက်ခဲ့သည်။ ယခုစီမံကိန်းကို Golden Sunland အမည်ဖြင့် ဆက်လက်ဆောင်ရွက်လျှက် ရှိသည်။ ပိုမိုသိရှိလိုပါက https://www.goldensunland.com/ တွင် လေ့လာနိုင်သည်။

လုပ်ငန်းနယ်ပယ်များ

ရေရှည်တည်တံ့သော စွမ်းအင်

  • ပြန်ပြည့်မြဲစွမ်းအင်
  • စွမ်းအင်ကို စနစ်တကျ အသုံးချတတ်ခြင်း
  • စွန့်ပစ်ပစ္စည်းမှ စွမ်းအင်အဖြစ်သို့ ပြောင်းခြင်း

စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးဆိုင်ရာအထောက်အပံ့

  • ငါးလုပ်ငန်း
  • လယ်ယာစိုက်ပျိုးရေး
  • အအေးခန်းသိုလှောင်ရုံ

ပို့ဆောင်ဆက်သွယ်ရေး

  • ကားလမ်းဆောက်လုပ်ခြင်း
  • မြို့ပြစီမံကိန်း
  • ထောက်ပံ့ပို့ဆောင်ရေးကွန်ယက်

ကျေးလက်ဒေသဖွံ့ဖြိုးရေး

  • လျှပ်စစ်ထုတ်လုပ်ရေး အဆောက်အအုံ
  • ကျေးလက် လျှစ်စစ်မီးရရှိရေး
  • ရေနှင့် ရေဆိုးစွန့်ပစ်စနစ်
Share This